We received 3 boxes of stationary in 2004. Anji, an American student requested a church in US to donate to the schools in Mae Sot. We think that some supermarkets first transferred the unwanted left-over stationary to the church. Anyway, the gifts were very colorful. The teachers and kids were very happy and excited to accept those donations. There were some 45 schools in Mae Sot area. The three boxes went to the three poorest schools. Look at the photos!
ကျနော်တို့သူငယ်ချင်း အမေရိကန်ကျောင်းသူ အင်န်ဂျီ ရဲ့ ကောင်းမှုနဲ့ စာရေးကရိယာ ၃သေတ္တာ မဲဆောက်ရောက်လာတယ်။ ကုန်တိုက်မှာ ရောင်းမကုန်လို့ ခရစ်ယန်ဘုရားကျောင်းကိုရောက်၊ နောက်ဆုံးမှာ မဲဆောက်ကို ရောက်လာပုံ ရပါတယ်။ ရောင်းမကုန်ပစ္စည်းတွေဆိုပေမယ့် အရောင်အသွေး စုံလင်လှတယ်။ ပစ္စည်းလက်ခံကြတဲ့ ဆရာဆရာမတွေရော ကျောင်းကကလေးတွေပါ စိတ်လှုပ်ရှားပြီး ပျော်နေကြတယ်။ မဲဆောက်မှာ ကျောင်းပေါင်း လေးဆယ်ငါးဆယ်ရှိတော့ ဒီပစ္စည်းသုံးသေတ္တာကို ဘယ်လိုဝေလိုက်သလဲ ဆိုတော့ အချို့တဲ့ဆုံးလို့ ယူဆရတဲ့ကျောင်းတွေထဲက ၃ ကျောင်းကို ရွေးလိုက်တယ်။ သေတ္တာထဲက ပစ္စည်းတွေကိုထုတ်၊ ရောသမမွှေ၊ သေတ္တာထဲပြန်ထည့်ပြီး ကျောင်း ၃ကျောင်းကို သွားပို့လိုက်တယ်။ ဒါပါပဲ။
လှည်းဘီးကျောင်းက ကလေးတွေ လက်ဆောင်တွေနဲ့ ပျော်ပျော်ပါးပါး
ပစ္စည်းတွေကို စာရင်းပြုစုနေတဲ့ ပြည်ချစ်ကျောင်းက ဆရာမကြီး။ ပြည်ချစ်အဖွဲ့က တည်ထောင်ထားတဲ့ကျောင်းဖြစ်တဲ့အတွက် ပြည်ချစ်ကျောင်းလို့ အမည်တွင်နေပါတော့တယ်။ ကလေးတွေကတော့ အင်္ကျီဖြူ ဘောင်းဘီပြာ ယူနီဖောင်းနဲ့ ပဏာရလို့။း)
the last box goes to the 48 kilo village school. The person in the black hat is the headmaster. His village is located 48 kilometre away from the town.
စာရေးကရိယာသေတ္တာကို လက်ခံယူနေတဲ့ ၄၈ကီလိုကျေးရွာ ကျောင်းအုပ်ကြီး။ တကျောင်းလုံး နိုင်ငံတကာ ကလေးများနေ့ ပျော်ပွဲရွှင်ပွဲပြိုင်ပွဲတွေအတွက် မဲဆောက်ဆင်းလာတော့ အဆင်ပြေသွားတယ်။ ကျနော်တို့ ရွာအထိ လိုက်ပေးဖို့ မလိုတော့ဘူး။
No comments:
Post a Comment